Sunday, September 2, 2012

မြင်ကွင်း

ဖွင့်ထားတဲ့ ပြတင်းကိုငေးကြည့်တော့
မတွေ့ရတာ နှစ်ကာလကြာ..
လွင့်ပျံ့သွားသောမီးခိုးငွေ့အကြား
ကျကျန်ရစ်တဲ့ ရယ်သံတွေ အထွေးလိုက်..အထွေးလိုက်
မိုးထဲလေထဲ
နှလုံးသားတွေ သံချေးတတ်မြန်လှချည့်
နူးညံ့မှုနဲ့ ရိုးသားမှုဟာ
ကြမ်းတပြေးတည်းမိတ်ဆွေ
နာရီကို မော့ကြည့်
ရပ်နေသတဲ့လား...။
မိုးကရွာတယ်
နေကပူတယ်
လွယ်ထားတဲ့ ကျောပိုးအိတ်ထဲမှာ
အဟာရ က ကျိုးတို့ကျဲတဲ
မော့သောက်လိုက်တဲ့ ပျော်ရွှင်ခြင်းထဲမှာ
ခင်ဗျားအတုမိပြီတဲ့..
စာမျက်နှာအဆုံးမှာ
ဘယ်သူပြန်ရေးတဲ့ အမှန်တရားလဲ
ခင်ဗျား အလိုတူတူ
မတူတူ
နေကတော့ ၀င်သွားမှာပဲ မိတ်ဆွေ..။


ပန်းရိပ်ဖြူ

No comments: